မိုင်းဖြတ်မြို့နယ်၌ ဘင်ခရာအသင်း ဖွဲ့စည်းနိုင်ရေး အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းဖြတ် ဧပြီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းဘင်ခရာအသင်း ဖွဲ့စည်းနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်ကျောင်းအကျိုးတော်ဆောင် ဂုဏ်ထူးဆောင်နာယက သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေက အလှူငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားများ ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ 

ဆက်လက်၍ ဘင်ခရာအသင်း ဖွဲ့စည်းနိုင်ရေးအတွက် အလှူရှင်ကျောင်းအကျိုးတော်ဆောင် ဂုဏ်ထူးဆောင်နာယက သုဓမ္မမဏိဇောတဓရ  ဦးထွန်းရွှေက ကျပ်သိန်း (၁၂၀) အားလည်းကောင်း၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး နေဝင်းထွန်းနှင့် ဇနီးမိသားစုမှလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးကလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းရီတစ်တို့က အလှူငွေများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)