နောင်ချို ဧပြီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နှစ်ဆန်းတစ်ရက်နေ့တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ဧပြီလ ၁၇ ရက် နံနက် ၈ နာရီက နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
သက်ကြီးဘိုးဘွားပူဇော်ပွဲအခမ်းအနားသို့ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသိန်းသန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ဘိုးဘွားများအား ပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဘိုးဘွား (၉၃) ဦးအား တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက် ကန်တော့ခဲ့ရာ ပူဇော်ခံဘိုးဘွားများမှ ဆုတောင်းမေတ္တာစကားများ ပြန်လည်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဆရာတော်သံဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များမှ ရိုသေစွာနာယူခဲ့ကြကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)