သတင်းများ

ဒဂုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
May 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် အ-ထ-က၊ရေဖြူကျောင်းသား/သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်
May 07,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက အ-ထ-က၊ရေဖြူကျောင်းခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်မှ ညနေအထိ ရေဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နွေစပါးမျိုးစေ့ထုတ် ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံ
May 07,2026
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးနှင့်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယနေ့နက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ အင်ဒိုင်းကျေးရွာတွင်စိုက်ပျိုးထားသော နွေစပါးမျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံသည်။
မြောက်ဥက္ကလာပမြို့နယ် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက (က) ရပ်ကွက်ဓမ္မာရုံတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ
May 07,2026
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းဝင်းနှင့ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများအား ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်‌ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်များဆောင်ရွက်ခြင်းကို မေ ၆ရက်က မြို့နယ်ရုံးတွင် ဆောင်ရွက်သည်။
စဉ့်ကိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးဆောင်ရွက်နိုင်ရေး ပြည်သူများနှင့်တွေ့ဆုံ
May 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးဆောင်ရွက်နိုင်ရေး ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို သိန္ဒီကုန်း‌ ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ ဖားလင်ပိုးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။
‎‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောင်းသား၊သူများနှင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်
May 07,2026
‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌  ယမန်နေ့နံနက်ပိုင်းကစ၍ မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ကျောင်းသား/သူများနှင့်ပြည်သူများအား မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်‌ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဆေးရုံတက်ရောက်နေကြသူများအား ကြည့်အားပေး
May 07,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည်  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ မေ ၆ ရက် ညနေပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြသည့်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်သည်။