Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးမည့်ပျိုးပင်ပေါင်း (၁၈၁၀၀) ပင် ပျိုးထောင်ထားရှိ
May 28,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်ပေါင်း (၁၈၁၀၀)ပင်ကို မြို့မသစ်တောပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား စာအောင်ဆုနှင့်အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်
May 28,2025
၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို မေလ ၂၇ ရက်နေ့က မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ပန်းတစ်ပွင့်တောင်မုဒ်ဦးကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မွေးဖွားမှု၊ သေဆုံးမှု စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မွေးဖွားမှု၊ သေဆုံးမှု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၊ ကြံခင်းမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ဘက်ရဲမြို့ရှိ အမှတ်(၁)၊ (၂) ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ဒေသထွက်မျှစ်ပြုတ်များ လိုက်လံရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
May 28,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးဉီးကာလ မျှစ်များပေါ်ဉီးစချိန်၌ ဒေသခံများမှာ တောတောင်များနှင့် တောင်ယာခင်းများရှိ ဝါးပင်များမှ မျှစ်များကို လိုက်လံချိုးယူပြီး မျှစ်ပြုတ်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရလျက် ရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောက်ချောင်းကျေးရွာအုပ်စုနှင့် ကံချိုင်ကျေးရွာအုပ်စုတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 28,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ် ဆွေးနွေးပွဲအခမ်းအနားတက်ရောက်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း စံပြဆုရရှိသည့် ကျေးရွာကိုယ်စားလှယ်များ၊ စီမံကိန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
685
Page
686
Page
687
Page
688
Current page
689
Page
690
Page
691
Page
692
Page
693
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department