သတင်းများ

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိနေ
May 28,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေသောကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ကျေးလက်တောင်သူများ တွက်ခြေကိုက်အဆင်ပြေနေကြကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား နိုင်ငံတော်မှ ချီးမြှင့်သည့်ငွေများ ပေးအပ်
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံ‌တော်မှ ချီးမြှင့်သည့် ငွေများကို ပေးအပ်ခဲ့သည်။
 တောင်သူ(၁၂၀)ဦးအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၀၉၆ ဒဿမ ၅၀)သိန်းထုတ်ချေး
May 28,2025
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးရေးနှင့်ချေးငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပခဲ့သည်။
လက်ပံတန်း၌ မိုးစပါးအဓိက ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
May 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်း မိုးစပါးသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အသိပညာဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက  (၂)လမ်းမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
May 27,2025
တိုင်းဒေသကြီး/ပြည်နယ် ဘော်လီဘောပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီးဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုနှင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်း
May 27,2025
ကရင်ပြည်နယ်အတွင်း ယာဉ်မောင်းနှင်စီးနင်းသူတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာစေရေး အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့်အတွက် ယာဉ်မတော်တဆမှုနှင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှု သိသိသာသာ လျော့နည်းလာကြောင်း မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၃/၂၀၂၅) လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
သန်လျင်မြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
May 27,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် အခြေခံပညာကျောင်းများအား လာမည့် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
တွံတေး​မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်း ဆောင်ရွက်
May 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တွံတေးမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမစုရပ်တွင် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။