ထားဝယ်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် တေးဂီတဖျော်ဖြေပွဲသို့လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်းကား
Dec 31,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ အပန်းဖြေပျှော်ရွှင်ချမ်းမြေ့စေရန်နှင့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာကြိုဆိုနိုင်ရန် ရည်ရွယ်၍ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင်တေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ တေးသံရှင်များက သီဆိုဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်းကားလျက်ရှိသည်။