သတင်းများ

ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။
အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jan 02,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
လဲချားမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်နှင့် နေ့လည်ပိုင်းက အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သံတောင်ကြီးမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Jan 02,2025
ကရင်ပြည်နယ်၊ သံတာင်ကြီးမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ ၂၀၂‌၅ ခုနှစ် နှစ်သစ်ကို ပျော်ပွဲရွှင်ပွဲများ ကျင်းပကြိုဆို
Jan 02,2025
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခရစ်နှစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်ကုန်၍ ကူးပြောင်းရောက်ရှိ တော့မည့် ၂၀၂၅ ခုနှစ် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီမှစ၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြိုဆိုကြသည်။
ကျောက်ပန်းတောင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲပြုလုပ်
Jan 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ဇန်နဝါရီ(၂)ရက်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 02,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာ ကွင်းအမှတ် ၁၆၁၈ ၌ TBLမျိုးစေ့ ထုတ်ကုမ္ပဏီမှ စိုက်ပျိုးမြေ ငါးဧကတွင် ချည်မျှင်ရှည်ဝါ၊ နှမ်း၊ နေကြာနှင့်  ပဲတီစိမ်းသီးနှံများ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ချောင်းသာကမ်းခြေ၌ နှစ်သစ်ကူးကာလတွင် အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားများပြား
Jan 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ် ပိတ်ရက်များဖြစ်သော နှစ်သစ်ကူးကာလတွင် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ချောင်းသာကမ်းခြေ၌ အပန်းဖြေသူများ၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။