လဲချား ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်နှင့် နေ့လည်ပိုင်းက အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄.၁.၂၀၂၄ ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက် “အသက်တမျှအရေးကြီးသည့်လွတ်လပ်ရေး”၊ ကဗျာဘိုမျိုး(ရွှေဘို)၊ “မွှေးမျှပွင့်လန်း လွတ်လပ်ရေးပန်း”၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀−၁−၂၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ “မြန်မာ့လွတ်လပ်ရေးကာလတစ် လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များ” ၂၀၂၄ခုနှစ် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာမှ ကောက်နုတ်ဖော်ပြချက်၊ "လွတ်လပ်ရေးကိုကာကွယ်ရမယ်”၊ ၁၉၄၈ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)