အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

အောင်လံ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် ပိုစတာပြိုင်ပွဲ (ထက်၊လယ်၊မူ) စုစုပေါင်း (၁၅) ဦး၊ စာစီစာကုံး ပြိုင်ပွဲ (ထက်၊လယ်၊မူ) စုစုပေါင်း (၃၃) ဦး၊ ပန်းချီပြိုင်ပွဲ(ထက်၊လယ်၊မူ) စုစုပေါင်း (၂၇) ဦး၊ ကျပန်းစကားပြောပြိုင်ပွဲ အထက်တန်းဆင့် စုစုပေါင်း (၉) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)