ညောင်ဦး ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာ အားကစားလှုပ်ရှား လမ်းလျှောက်ခြင်းကို ဒီဇင်ဘာ ၂၈ နံနက် ၆ နာရီအချိန်က ညောင်ဦးမြို့ ဘုရားနီလမ်းဆုံ မှစတင်ကာ ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ အားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ခြင်းအား ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်ကာ ညောင်ဦးခရိုင်အဆင့်ဌာန ဆိုင်ရာများမှ ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာန၊ဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအသင်းသူ အသင်းသားများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်လမ်းလျှောက်ခဲ့ကြကာ ညောင်ဦး-ကျောက်ပန်းတောင်းသွား ဘုရားနီလမ်းဆုံမှ အနော်ရထာနှစ်လမ်းသွားလမ်းမကြီး၊ ထိုမှတဆင့် ရွှေစည်းခုံဘုရားသွားလမ်း မှလမ်းမတော်လမ်းတစ်လျှောက်မှ ဘောလုံးကွင်းအတွင်းဝင်ရောက်ကြကာ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်း အတွဲ-၁၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း အတွဲ-၂ တို့အား စုပေါင်းပြုလုပ်ခဲ့ကြပြီး အကြောလျှော့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်ကြရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညို နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင် တင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၅၂၀) တို့ဖြင့် စုပေါင်း လမ်းလျှောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း