သတင်းများ

ဒဂုံမြို့သစ် (တောင်ပိုင်း))မြို့နယ်တွင်  ရက်(၁၀၀) စီမံချက်ဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး  
May 13,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပထမ ရက်(၁၀၀) ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ပြည်သူများ စနစ်တကျအမှိုက်စွန့်ပစ်‌စေရေး အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် အစဉ်တစိုက်လိုက်နာဆောင်ရွက်စေရေးတို့ ရည်ရွယ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနက ဦးစီးကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး(Public Awareness) အစီအစဉ်ကို ယနေ့  နံနက် ၈ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၂၆ ရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ဒဂုံပန်းခြံရှေ့တွင် ဆောင်ရွက်ကြသည်။
မြစ်ကြီးနားမြို့နယ်အတွင်း ရက်(၁၀၀) စီမံချက်ဖြင့် သစ်တောသစ်ပင် ထိန်းသိမ်း‌ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေးအသိပညာပေး
May 13,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနက ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာ/ ရက်ကွက်များရှိ ဒေသခံပြည်သူများ သစ်‌တောသစ်ပင်များကို တန်ဖိုးထားမြတ်နိုးထိန်းသိမ်း တက်လာ‌ စေရေးအတွက် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်‌ရေး သိ‌ကောင်းစရာများနှင့် မီးခိုးမြူငွေ့ညစ်ညမ်း မှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၂ ရက် နံနက် ၁၁ နာရီခွဲက ပလန (၂) ကံကော်မြိုင်ကျေးရွာရှိ ခန်းမ၌ ကျင်းပသည်။
သာပေါင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး 
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်သည့်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးအပ်ပွဲအခမ်းအနားကို မေ ၁၂ ရက် နံနက် ၉ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံး၌ ကျင်းပသည်။
ချမ်းမြသာစည်မြို့နယ်၌ ၃၃/၁၁ ကေဗွီချီပါဓာတ်အားခွဲရုံတွင် မူလတပ်ဆင်ထားသော  20 MVA Transformerအား ဝန်အားတိုးမြှင့်ဆောင်ရွက်
May 13,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၃၃/၁၁ ကေဗွီချီပါဓာတ်အားခွဲရုံတွင် မူလတပ်ဆင်ထား ရှိတော့ 20 MVA Transformer မှ ဝန်အားတိုးမြှင့်၍ နောက်ထပ် 10 MVA Transformer အသစ်တစ်လုံးဝန်အားတိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၂နာရီက ဆောင်ရွက်ခဲ့သည်။
ကျောက်တန်းမြို့၌ ရက် (၁၀၀) စီမံကိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းရေနှုတ်မြောင်းများ ပြန်လည်တူးဖော်
May 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက် (၁၀၀) စီမံကိန်းဖြင့် ကျောက်တန်းမြို့နယ်အတွင်း စံချိန်မီရပ်ကွက်ရှိ ရွှေညောင်ပင်လမ်းမကြီး ရေနှုတ်မြောင်းအရှည်ပေ (၂၀၀၀) ပေ၊ အကျယ်ပေ (၆) ပေ၊ အနက်ပေ (၄) ပေ တူးဖော်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျှက်ရှိသည်၊၊
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အဖွဲ့ မန္တလေးမြို့ရှိ ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ဖွယ်ရာများလှူဒါန်း
May 12,2026
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်အတွင်းရှိ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့်ငါးသေတ္တာများလှူဒါန်းပွဲ အခမ်းအနားကို မေ ၁၂ရက် နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ စိတ္တသုခ‌ကျောင်းတိုက်တွင် ကျင်းပသည်။
ဘားအံမြို့၌ ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ (၆)ခန်းတွဲ(၃)ထပ်ဝန်ထမ်းအိမ်ရာသစ်ဖွင့်
May 12,2026
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၉၆၉ ဒသမ ၈၀၀ သန်းဖြင့် အကုန်အကျခံတည်ဆောက်ခဲ့သော ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ (၆)ခန်းတွဲ RC (၃)ထပ်ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲကို မေ ၁၂ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၊ ငုဝါလမ်းရှိ အဆိုပါဝန်ထမ်းအိမ်ရာအဆောက်အဦရှေ့၌ ကျင်းပသည်။