သတင်းများ

ကျေးသီးမြို့၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးအထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့‌ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် (၉) နာရီက၊ ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ခိုလမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေး ရှင်းလင်းဆွေးနွေး
May 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ဟိုပုံးမြို့ အ.ထ.က (၁) ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ စာမေးပွဲကျင်းပ
May 23,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာန လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ၊ ဆရာမများကို ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာဘွဲ့ ရရှိစေပြီး ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝကာ သင်ကြားရေးစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော ဆရာ၊ ဆရာမများဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ ပညာ‌ရေးသဘောတရား၊ ဂီတအနုပညာဘာသာရပ် စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကွင်းဆင်းစစ်ဆေး
May 23,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ကစတင်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်း စတင်လက်ခံ
May 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်း စတင်လက်ခံလျက်ရှိပြီး ကျောင်းပြောင်းခြင်းနှင့် ကျောင်းအဝင်များတွက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
သရက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံလျက်ရှိ
May 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်
May 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာတွင် မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ပြုလုပ်
May 23,2025
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိ‌ရှိနိုင်စေရန် တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲကို နောင်ကားကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့‌ကြောင်း သိရသည်။