သာပေါင်း မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးအပ်ပွဲအခမ်းအနားကို မေ ၁၂ ရက် နံနက် ၉ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှာစကားပြောကြားပြီး အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက်တို့က စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးခြင်း၊ ချေးငွေပြန်လည်ပေးဆပ်ရတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် သစ်ပုတ်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၁၁၃)ဦး၊လယ်မြေဧက(၉၁၅)အတွက် ချေးငွေ ၂၇၄၅၀၀၀၀၀ စတင်ထုတ်ချေးပေးကြပြီး၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧက(၃)သိန်းကျပ်နှုန်းဖြင့် မေ ၁၂ ရက် စတင်ထုတ်ချေးပေးလျှက်ရှိကြောင်းနှင့် သာပေါင်းမြို့နယ်မှ ကျေးရွာအုပ်စု(၅၈)အုပ်စုရှိ တောင်သူ (၅၉၈၃)ကျော်တို့၏ လယ်ယာမြေဧက (၃၉၀၀၀)ခန့်အတွက် ကျပ်သန်း (၁၁၇၀၀)ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ လျာထား ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက်ထံမှ သိရသည်။
သိန်းမြင့်မျိုးဦး