သတင်းများ

ဘားအံမြို့၌ ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ (၆)ခန်းတွဲ(၃)ထပ်ဝန်ထမ်းအိမ်ရာသစ်ဖွင့်
May 12,2026
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၉၆၉ ဒသမ ၈၀၀ သန်းဖြင့် အကုန်အကျခံတည်ဆောက်ခဲ့သော ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ (၆)ခန်းတွဲ RC (၃)ထပ်ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲကို မေ ၁၂ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၊ ငုဝါလမ်းရှိ အဆိုပါဝန်ထမ်းအိမ်ရာအဆောက်အဦရှေ့၌ ကျင်းပသည်။
မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲအခမ်းအနားကျင်းပ
May 12,2026
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ အမှတ် (၂)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းတွင် ယနေ့နံနက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီကကျင်းပရာ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက   ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
မန္တလေးဈေးချိုတော်တွင် FDA မှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် အစားအသောက်များအား ရှောင်တခင်စစ်ဆေး
May 12,2026
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)မှ တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မေ ၁၂ ရက် နံနက်ပိုင်းက ဈေးချိုတော်ဈေးအတွင်း ကွင်းဆင်းစစ်ဆေးသည်။
အမရပူရမြို့နယ်၌ စိုက်ဧကများကိန်းဂဏန်းမှန်ကန်စေရေး စစ်တမ်းများကွင်းဆင်းကောက်ယူ
May 12,2026
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် စိုက်ဧကများကိန်းဂဏန်းမှန်ကန်‌စေရေးစစ်တမ်းများကွင်းဆင်းကောက်ယူခြင်းအား  ယနေ့ နံနက် ၁၀ နာရီက အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု ဂျိုရွာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
ရေဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 12,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမောင်မောင်အေးဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါကထိရောက်ဆုံး နှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက်၁၀နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ကော့သောင်းခရိုင် လူထု‌အခြေပြုဗဟိုဌာန၌ အသိပညာပေး လုပ်ငန်းများဆောင်ရွက်
May 12,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေး‌နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အိမ်တွင်းမှုသင်တန်းကျောင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစာပေချစ်သူများအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မေ(၁၁)ရက် မွန်းလွဲပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။
သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် 33KV လိုင်းနှင့် 11KVလိုင်းများအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်းနှင့် လမ်းမီးများလဲလှယ်ခြင်းများဆောင်ရွက်
May 12,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး နယ်မြေအတွင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်းနှင့် လမ်းမီးများလဲလှယ်ခြင်းများတို့ကို စနစ်တကျဆောင်ရွက်ပေးသည်။
တောင်သာမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်
May 12,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ သာစည်ကျေးရွာ၊ ဆီမီးကန်ကျေးရွာ၊ ကျွဲတလင်းကျေးရွာများတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများတွင် အဖြစ်များတတ်သော ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။