သတင်းများ

ရွှေတောင်မြို့နယ်တွင် "သဘာဝမြေသြဇာ EM ဘိုကာရှီ" ပြုလုပ်အသုံးပြုမှု တောင်သူ လက်တွေ့သရုပ်ပြ
May 13,2026
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာနှင့် မီးလောင်ကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာ၊ ကိုးတွင်းစင်ကျေးရွာတို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် "သဘာဝမြေသြဇာ EM ဘိုကာရှီ" ပြုလုပ်အသုံးပြုမှု တောင်သူ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို မေ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 13,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်၌ မိုးစတင်ရွာသွန်းခြင်းနှင့်အတူ ဆီထွက်သီးနှံစတင်စိုက်ပျိုးနေကြ
May 13,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မိုးစတင်ရွာသွန်းခြင်းနှင့်အတူ ကျေးလက်တောင်သူများ ဆီထွက်သီးနှံ မြေပဲနှင့်နှမ်းများစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆) ပြုလုပ်
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
May 13,2026
၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မေ (၁၁)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို (၃၀)မဂ္ဂါဝပ်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
May 13,2026
ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ပုသိမ်စက်မှုစီမံကိန်းနှင့် 30 MW Solar Power Generation Project လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ အရေးကြီးသီးနှံအဖြစ် ပန်းတိုင်သတ်မှတ်ထားသည့် သီးနှံ ၁၄ မျိုး စိုက်ဧက မှန်ကန်မှုရှိ/မရှိ ခရိုင်နှင့်မြို့နယ် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး
May 13,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများအတွင်း အရေးကြီးသီးနှံအဖြစ် ပန်းတိုင်သတ်မှတ်ထားသည့် သီးနှံ(၁၄) မျိုး၏ စိုက်ဧကများ မှန်ကန်မှု ရှိ/မရှိ ကို၊ မေ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ က၊ ဆင်တိုင်းကန်ကျေးရွာအုပ်စုနှင့် တံခါးမကျေးရွာအုပ်စုများသို့ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
မိုးညိုမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း အခမ်းအနား ပြုလုပ်
May 13,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။