သတင်းများ

ဘုတ်ပြင်းခရိုင်ဂုဏ်ဆောင်  လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို
May 12,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ထူးချွန်ထက်မြက်သည့် ဘုတ်ပြင်းခရိုင်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာရာ ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။
ကလိန်အောင်မြို့တွင် ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
May 12,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့်လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့်မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ကမမောင်းမြို့၌ ကရင်ပြည်နယ်လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ
May 12,2026
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လျှစ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်/ မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
မြဝတီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  UID (Unique Indentity )ကတ်ပြားများ ပေးအပ်
May 12,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး မှ ကြီးမှူး၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ကာလအတွင်းဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (unique Identity) ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
မိုးစပါးစိုက်တောင်သူ(၃၀၀၀)ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော် ထုတ်ချေးပေးမည်
May 12,2026
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော် မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါးစိုက်ပျိုးကြမည့် မြို့နယ်များရှိ တောင်သူ(၃၀၀၀)ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့ နံနက်ပိုင်းမှစတင်၍ မြိတ်ခရိုင်ဘဏ်ခွဲတွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။
သထုံတွင် ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးရေးနှင့် တောင်သူများထံ ချေးငွေများပေးအပ်ခြင်းအခမ်းအနားကျင်းပ
May 12,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး
May 12,2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ မုဒုံမြို့၌ ရက် (၁၀၀)စီမံချက် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲကျင်းပ
May 12,2026
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက် (၁၀၀) စီမံချက်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မုဒုံမြို့နယ်ဘဏ်ခွဲမှ ဆောင်ရွက်မည့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။