သရက်ချောင်း မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနယ်မြေအတွင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်းနှင့် လမ်းမီးများလဲလှယ်ခြင်းများတို့ကို စနစ်တကျဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝေယံအောင်နှင့်ဝန်ထမ်းများက ရွှေဂူတံတားဂိတ်အနီး အန္တရာယ်ဇုန်ရှိ 33KV လိုင်းနှင့် 11KVလိုင်းများအတွင်း သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများကြံ့ခိုင်မှုရှိစေရေးအတွက် ထိန်းသိမ်းပြုပြင်ခြင်း၊ လမ်းမီးများပြုပြင်လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝေယံအောင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)