သတင်းများ

မိုးညိုမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်
May 13,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရက် ၁၀၀ စီမံချက်ဖြင့်ဆောင်ရွက်သည့် ကော့မှူးမြို့နယ်၊ ပျဉ်းကတိုး‌‌ကျေးရွာတွင် VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 13,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းဖြင့် ကော့မှူးမြို့နယ်၊ ပျဥ်းကတိုးကျေးရွာ၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ယမန်နေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးနေကြကြောင်း သိရသည်။
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများ ကျင်းပ
May 13,2026
၂၀၂၆ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
မြောင်းမြမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်
May 13,2026
ဧရာဝတီတိုင်းဒေသသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားအား ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ ဘိုချိုစာကြည့်တိုက်သို့ စာအုပ်များ သွားရောက်လှူဒါန်း
May 13,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ရှိ ဘိုချို စာကြည့်တိုက်သို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်များကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်
May 13,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီ က မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
May 13,2026
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ သစ်စိမ်းမြဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်၌ AI နည်းပညာသင်တန်းဖွင့်
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ AI နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။