သတင်းများ

မက်မန်းမြို့တွင် ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်ကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်း အခမ်းအနားပြုလုပ်
Aug 15,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေးညှိနှိုင်းအစည်းအဝေး၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အ.ထ.က(ငွေဆောင်)၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ( Grade – 12) အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၌ ပညာသင်ကြားခဲ့ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် စာမေးပွဲအောင်သော ကျောင်းသား/သူများမှ ဧည့်ခံကျွေးမွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်း၌ ၂၀၂‌၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသား/အမျိုးသမီးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အ.ထ.က (ခွဲ) တီထွတ်ပြင်ကျောင်း၌ ယမန်နေ့က ၂၀၂‌၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသား/ အမျိုးသမီးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
မိုးနဲမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်း
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်းသို့ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းနေရာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကျင်းပ
Aug 15,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲနှင့် လက်တွေ့ကွင်းသရုပ်ပြပွဲ ကျင်းပ
Aug 15,2025
မန္တလေးတိုင်းဒေသကြီး တံတားဦခရိုင် တံတားဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းလက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲနှင့် လက်တွေကွင်းသရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက တံတားဦးမြို့ မီးသွေးတိုက်ကျေးရွာအုပ်စု ကွင်းအမှတ်၊ ၁၃၁၈ ဦးပိုင်အမှတ်၊ ၈၃/၂၂၈/က တောင်သူဦးသိန်းဝင်း လယ်မြေ (၃) ဧကအား ကျင်းပခဲ့ကြောင်း သိရသည်။