သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲ အခမ်းအနားအားတက်ရောက်ကြည့်ရှုအားပေး
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး စိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မြောင်းမြမြို့နယ်တွင် ရေသန့်ဗူးဖြင့်အသက်ကယ်အင်္ကျီ ဆောင်ရွက်တက်စေရန် လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေယာဥ်အသုံးပြု၍ ရေလမ်းခရီးသွားလာနေသည့် လုပ်သားပြည်သူများအတွက် အရေးပေါ်အသက်ကယ်အင်္ကျီ (Lifejacket) မရှိပါက ရေသန့်ဗူးဖြင့်အသက်ကယ်အင်္ကျီ ဆောင်ရွက်တက်စေရန် လက်တွေ့သရုပ်ပြခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
Aug 15,2025
၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
သံတောင်ကြီးမြို့တွင် မြေပြိုဘေးကြောင့်ပျက်စီးခဲ့သည့်နေအိမ်(၈)လုံးနှင့်သေဆုံးသူ ဒဏ်ရာရသူများ၏ မိသားစုဝင်များအားထောက်ပံ့
Aug 15,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ(၅)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်မြေပြိုကျမှုနှင့် တောင်ကျချောင်းရေနှင့်အတူ နှုန်းမြေများတိုက်စားမှုဖြစ်ပေါ်၍ လူနေအိမ် (၈)လုံး သေဆုံးသူ(၈)ဦးနှင့် ဒဏ်ရာရသူများ၏ မိသားစုဝင်များအားဘေးအန္တရာယ်ဆိုင်ရာ စီမံခန်းခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်‌နေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်ပညာရေးမှူး ရုံးသစ်ဖွင့်ပွဲကျင်းပ
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်ကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ ကော်မတီဝင်ဦးတင်မောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးဆန်းဝင်းနှင့် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဟိုပုံးမြို့နယ်၌ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကုန်းကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား
Aug 15,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွားထိုးကြီးမြို့နယ်(ယာယီရုံးခွဲ)ဖြစ်သော မြစ်သားမြို့နယ် မြို့မ KC စင်တာတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ အဓိကသီးနှံ (၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိ‌ရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နက်ပိုင်းက အဆိုပါ နွားထိုးကြီးမြို့နယ် (ယာယီရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ကျင်းပ
Aug 15,2025
ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံတောအတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ‌စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း‌ကျောင်း (တောမ)တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။