ကျောင်းကုန်း မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် အမှတ်(၂) ရပ်ကွက်၊ မီးသတ်ရုံးအနီး၌ ယမန်နေ့ နံနက်ပိုင်းက စားအုန်းဆီများ ရောင်းချပေးခဲ့သည်။
အဆိုပါ စားအုန်းဆီရောင်းချပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့က စားအုန်းဆီ(၃၃၀)ပိဿာကို အိမ်ထောင်တစ်စုလျှင် (၅၀)သားနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းဈေး(၈၃၀၀)ကျပ်ဖြင့် ပြည်သူများအား စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)