သတင်းများ

မိုင်းယောင်းမြို့၌ လူရည်ချွန်လေ့လာရေးခရီးစဉ် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
May 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အထက(မိုင်းယောင်း)၌ ယနေ့နံနက်ပိုင်းက လူရည်ချွန်လေ့လာရေးခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
May 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို မေ ၁၆ ရက် ၁၀ နာရီက ရွာသစ်ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေ
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရက် (၁၀၀)စီမံချက်အနေဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့က ပြုလုပ်ပေးလျက်ရှိသည်။
ပုသိမ်မြို့၊ ဧရာမင်းဈေးတွင် ပလပ်စတစ်အစားထိုးအသုံးပြုနိုင်ရေး အသိပညာပေးဆောင်ရွက်
May 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ဧရာမင်းဈေးတွင် ယနေ့နံနက်ပိုင်း၌ ဈေးရောင်းဈေးဝယ်များ ပလပ်စတစ်အစားထိုး သတင်းစာစက္ကူများအသုံးပြုရေး ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြော
May 17,2026
လူငယ်လူရွယ်များ အားကစားဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ(၁၆)ရက်က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပသည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကျောက်ဆည်မြို့ ငလျင်သင့် ရွှေမုဌောစေတီ ပြန်လည်ပြင်ဆင်နေမှုများအား ကြည့်ရှု
May 17,2026
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်သင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော်သို့ ရောက်ရှိဖူးမြော်ကာစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ကျောက်ဆည်မြို့၊ မဟာရွှေစေတီ ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းနှင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော် ပြန်လည် ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် (မွေးမြူရေးကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲအခမ်းအနားကျင်းပ
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းသည် ဝန်ထမ်းများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး
May 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။