နောင်ချိုမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး

နောင်ချို မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်လင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ပြီး မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)