သတင်းများ

ကျောက်တလုံးကြီးမြို့တွင် (၁၁)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ
May 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၁၁) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ကျောက်တလုံးကြီးမြို့၊ ထာအုံကျောင်းတိုက်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများအား တွေ့ဆုံ
May 17,2026
မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မကွေးခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများအား တွေ့ဆုံပွဲ အခမ်းအနားကို မေ ၁၅ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
သန်လျင်မြို့နယ်၌ရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
May 17,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို မေ ၁၅ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်စစ်ပင်ကွင်းကျေးရွာအုပ်စု စစ်ပင်ကွင်းကျေးရွာ၌ ဆောင်ရွက်သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့သည် ယမန်နေ့ (၁း၃၀)နာရီက ရွှေလင်ဘန်းစက်မှုဇုံ၊ စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ပြုလုပ်သည်။
လက်ပံတန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးအိုင်ကျေးရွာလမ်း ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြု့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက် မိုးအိုင်ကျေးရွာလမ်း ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မေ ၁၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပြည်မြို့နယ်၌ စားအုန်းဆီ အရောင်းဆိုင်များအား ရည်ညွှန်းဈေးနှုန်းနှင့်အညီ‌ ရောင်းချရေး ကွင်းဆင်းစစ်ဆေး
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ခွဲတမ်းရစားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်‌အောင်၏ ကြီးကြပ်ဦး‌ဆောင်မှုဖြင့် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ၊ ခရိုင်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်အစားအ‌သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်‌သောပူးပေါင်းအဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပ
May 17,2026
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင်  ကျင်းပသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ပိုစတာပြိုင်ပွဲ ကျင်းပ
May 17,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်‌နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။