သတင်းများ

ငါန်းဇွန်မြို့၌ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်း ဖွင့်လှစ်
Aug 17,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီခွဲက အထက (ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
မုဒုံမြို့တွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ
Aug 17,2025
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မြို့မ (၄) ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်း စာသင်တိုက်တွင် ယနေ့နံနက် ၈ နာရီက ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနား ကျင်းပ
Aug 17,2025
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်များ တက်ရောက်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် မိုးကြိုဝါသီးနှံခူးဆွတ်နေမှုအား သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား) ကွင်းဆင်းကြည့်ရှုအားပေး
Aug 17,2025
ပျော်ဘွယ်မြို့နယ်တွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား) ဦးအောင်ပြည့်စိုးသည် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများလိုက်ပါလျက် ကန်သာကျေးရွာရှိ ဝါစိုက်ခင်းအားကြည့်ရှုအားပေးခြင်း၊ ဂွေးဇီးကျေးရွာ သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသည့် (B-31) မိုးကြိုဝါသီးနှံခူးဆွတ်နေမှုအား ဩဂုတ်လ (၁၆) ရက်၊ မွန်းလွဲ (၁) နာရီက သွားရောက်ကြည့်ရှုအားပေးသည်။
ရေတာရှည်မြို့နယ်၌ မြန်မာအီလစ်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲပေးနည်း လက်တွေ့သရုပ်ပြ
Aug 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြန်မာအီလစ်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲပေးနည်းလက်တွေ့သရုပ်ပြ မဲပေးခြင်းကို ယနေ့နံနက် (၁၁) နာရီက မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား
Aug 17,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင်ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၁) အခြေခံအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။