လယ်ဝေးမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

လယ်ဝေး ဇူလိုင် ၁၇

(၇၈)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်ခင်ဝင်းမွန်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦးက အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၈ ရက်နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မျိုးသန့်( ပြန်/ဆက်)