သတင်းများ

ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေများ‌ ရေလျှံတက်လာသဖြင့် ထန်းတပင်မြို့နယ်အတွင်း စာသင်ကျောင်း ၁၄ ကျောင်း ယာယီပိတ်ထားရ
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် စစ်တောင်းမြစ်ရေများ ရေလျှံတက်မှုကြောင့် စာသင်ကျောင်း(၁၄)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ဓာတ်မြေဩဇာ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေး
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိကို မြို့နယ်ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စား၀န်ထမ်းများအား Biometric Data ကောက်ယူနေမှုနှင့် UID ကတ်များ ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပင်စင်လစာထုတ်ယူနေသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကျိုက်အင်းအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် လူနေအိမ်(၁၇၀)ကျော်တွင် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်
Jul 29,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျိုက်အင်းကျေးရွာ၌ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဝါးနက်ကုန်းကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒေါက်တာထွန်းမင်းနှင့်အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 29,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ‌ကျော်ကံကောင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနွယ်နီလင်း (VBDC. Program Manger) တို့သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံးသို့ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 29,2025
သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။