သတင်းများ

တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၆)နာရီအချိန်မှစတင်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်းထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စေတုတ္တရာမြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦး‌ဆောင်၍ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ
Jul 29,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ နံနက်(၁၀)နာရီတွင် အဆိုပါနေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
ဘားအံမြို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ခန့် ပါဝင်ဆင်နွှဲခဲ့
Jul 29,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်းတွင် ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို မွန်းလွဲ ၃ နာရီက အဆိုပါအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။
ခရမ်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ်(၅) ဖွင့်လှစ်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအပတ်စဥ်(၅)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍  ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာအုပ်စု (၂) အုပ်စုမှ တောင်သူများအား မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေး
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများနှင့်ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့‌ နံနက်ပိုင်းတွင် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းများ၊ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့ သောင်ရင်းမြစ်ရေပြန်လည်မြင့်တက်၍  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 29,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ​သောင်ရင်းမြစ်ရေချိန်သည် ယနေ့နေ့လယ် (၁) နာရီတွင် (1153) cm၊ စိုးရိမ်ရေမှတ် (963)CMသို့ ပြန်လည်မြင့်တက်နေပြီးဖြစ်သည့်အတွက် မြဝတီမြို့နယ်အတွင်း မြေနိမ့်ပိုင်းများတွင် နေထိုင်သည့်ရေဘေးသင့်ပြည်သူများမှ အမှတ်(၃) ရပ်ကွက်ရှိ ဓမ္မရန်အောင်ဘုန်ကြီးကျောင်း၊ ဓိဌာန်အောင်ဘုန်းကြီးကျောင်း၊ အမှတ် (၄) ရပ်ကွက်ရှိ ဟေမာန်ဦးဘုန်းကြီးကျောင်း၊ တောရဘုန်းကြီးကျာင်း၊ ကြခတ္တောဘုန်းကြီးကျောင်း၊ အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ရေပူတောင်ပေါ်ဘုန်းကြီးကျောင်းများရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအား ပြန်လည်ေရာက်ရှိခဲ့ရာ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်ကြီးကြပ်၍ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။