သတင်းများ

ဒေးဒရဲမြို့၌ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြော
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေးနှင့် ကြိုတင်သတိထားဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူ အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနတွင် အသင်းအမှုဆောင်နှင့်အသင်းဝန်ထမ်းများ သမဝါယမ မွမ်းမံသင်တန်းဖွင့်လှစ်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်သမဝါယမအသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများ သမဝါယမ မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။
ထားဝယ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အခြေခံစက်ချုပ်သင်တန်းဖွင့်
Jul 29,2025
တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကျင်းပသော အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်း အဝေးခန်းမ၌ ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီက ကျင်းပခဲ့သည်။
တာချီလိတ်မြို့၌ ရေဘေးသင့်နေရာများ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှု တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး
Jul 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေများပြန်လည် ကျဆင်းသွားသည့် မြို့ပေါ်ရပ်ကွက်များတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး မြေနိမ့်ပိုင်းရှိပြည်သူများအား ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။
ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ (၂) ချပ်တွဲ (၆) လက်မရေတင်ပန့်နှင့်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားခန်းမတွင် ကျင်းပသည်။
ဟင်္သာတမြို့နယ်တွင် E-Govemment လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ E-Govemment လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။