သတင်းများ

ခန္တီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်
Jul 31,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့် ကိုင်တွယ်အသုံးပြုပုံများအားသိရှိစေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ စာရေးများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၊ နောက်ပြန်ဒိုးဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌  ကျောင်းအခြေပြု ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာဘေးအန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးရည်ရွယ်၍ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက နောက်ပြန်ဒိုးဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းကြောများ မပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Jul 31,2025
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
သဲကုန်းမြို့နယ် ပညာရေးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 31,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပညာရေးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်၊ ဒုတိယမြို့နယ်ပညာရေးမှူးများနှင့် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်းများ၊ အထက်တန်းကျောင်း(ခွဲ)များ၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် မူလတန်းကျောင်းတိုက်နယ်မှူး ကျောင်းအုပ်ဆရာ၊ ဆရာမများ  တက်ရောက်ကြသည်။
မြောင်းမြမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)တပ်ဆင်အသုံးပြုခြင်း သင်တန်းနောက်ဆုံးအမှတ်စဥ်အဖြစ် ဖွင့်လှစ်သင်ကြား
Jul 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့ နံနက်(၉:၃၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား တပ်ဆိုင်ကိုင်တွယ်အသုံးပြုခြင်း သင်တန်းနောက်ဆုံးအမှတ်စဥ်အဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သန်လျင်ပြည်သူ့ဆေးရုံကြီး၌ World Hepatitis Day အခမ်းအနားကျင်းပ
Jul 31,2025
သန်လျင်ခရိုင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ အသည်းရောင်ရောဂါကူးစက်မှုလျော့ချရန်နှင့် ဖြစ်ပွားလာပါက စောလျင်စွာကုသမှုခံယူနိုင်ရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပပြုလုပ်သော World Hepatitis Day အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန် ကျင်းပခဲ့သည်။
ရန်ကုန်အနောက်ပိုင်းဆေးရုံ၌ World Hepatitis Day (ကမ္ဘာ့အသည်းရောင်ရောဂါနေ့) အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် အသည်းရောင်ရောဂါ(စီ)ပိုးရှိ/မရှိ သွေးစစ်ဆေးပေးခြင်း အခမ်းအနားကျင်းပ
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က World Hepatitis Day (ကမ္ဘာ့အသည်းရောင်ရောဂါနေ့) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသည်းရောင်ရောဂါ(စီ)ပိုးရှိ/မရှိ သွေးစစ်ဆေးပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်များ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 31,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) မိဘပြည်သူများအား Biometric Data ကောက်ယူ၍ UID (Unique Identity) ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။