သတင်းများ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder)နှင့်သွင်းအားစုများ ချီးမြှင့်ပေးအပ်
Jul 31,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အ တွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာစာကြည့်တိုက်နှင့် ကြက်သွန်ခင်းကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ
Jul 31,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာ “ရွှေဟင်္သာ” စာကြည့်တိုက်နှင့် ကြက်သွန်ခင်းကျေးရွာ “အလင်းတံခါး” စာကြည့်တိုက်အဆောက်အအုံ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးမှုအား ကြည့်ရှုစစ်ဆေး
Jul 31,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မူလတန်းကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အပတ်စဉ် တစ်ပတ်လျှင် (၂)ရက် ကျွေးမွေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကလေးများ အာဟာရကျွေးမွေးခြင်း လုပ်ငန်းကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက သွားရောက်အား ပေးခဲ့ကြကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူမှု သင်တန်းဖွင့်လှစ်
Jul 31,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှဦးဆောင်၍ သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူမှုသင်တန်းကိုနေ့နံနက် ၉ နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဘားအံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံမိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်
Jul 31,2025
ဘားအံတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 31,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ်၌ ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲပြုလုပ်
Jul 31,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် အမှတ်(၁၄) မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)၏ လယ်ယာမြေရှစ်ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဌာနဆိုင်ရာများစုပေါင်းကာ  ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်
Jul 31,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်စေတနာရှင်များ လှူဒါန်းသည့်စားသောက် ဖွယ်ရာများ ပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ စားသောက်ဖွယ်ရာ(၁၂)မျိုးပါ အထုပ် ၃၀၀၀ ကို ဝန်ထမ်းများကိုယ်တိုင် စိတ်အားထက်သန်စွာ ကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။