သတင်းများ

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Aug 08,2025
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center)အစည်းအဝေးခန်းမတွင်  ဝန်ထမ်းများ၏ လိုက်နာရမည့် စည်းမျဥ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ​ပိုင်းက ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဝါ‌ခေါင်လပြည့် (မေတ္တာအခါတော်နေ့အထိမ်းအမှတ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား တက်ရောက်
Aug 08,2025
ဝါ‌ခေါင်လပြည့် (မေတ္တာအခါတော်နေ့အထိမ်းအမှတ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ တာဝန်ရှိသူများ တက်ရောက်သည်။
သထုံမြို့နယ် ဒူးရင်းဆိပ်‌ကျေးရွာရှိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Aug 08,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်သည်။
မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Aug 08,2025
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြု မိန့်ရရှိရေး ကွင်းဆင်းစစ်ဆေး
Aug 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ECCD. Early Childhood Car & Development ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ MOE MYINT (မိုးမြင့်)မူကြို‌ကျောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ KIDS ZONE Child Development Centre (ရင်သွေးငယ်များရပ်ဝန်း) မူလတန်းကြိုကျောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ Star(စတား)မူကြိုစသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲ ပြုလုပ်
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် မိခင်နှင့်က‌လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်း၌ ပျက်စီးသွားသည့် ၆/၈ တံတားအား ပြန်လည်ခင်းပေးပြီးဖြစ်
Aug 08,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့် ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၀.၀၀၀)သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ပြည်သူများ အချိန်အခါမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။