ချမ်းအေးသာစံ သြဂုတ် ၈
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)အစည်းအဝေးခန်းမတွင် ဝန်ထမ်းများလိုက်နာရမည့်စည်းမျဥ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ဝန်ထမ်း ကျင့်ဝတ်စာအုပ်မှ “ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ” ခေါင်းစဥ်ဖြင့် ဝန်ထမ်းများ၏ ကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် အရေးယူခံရနိုင်သည့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မို့မို့အောင်မှ “ဝန်ထမ်း၏ ဝန်ထမ်းမှုဆိုင်ရာ ခံစားခွင့်များ” ခေါင်းစဥ်ဖြင့် ဝန်ထမ်း၏ အခြေခံအခွင့်အရေးများ၊ ခံစားခွင့်များ၊ ခွင့်သတ်မှတ်ချက်များကို ဆွေးနွေးသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများသည် မိမိ၏တာဝန်များကို ကျေပွန်စေရန်နှင့် ဝန်ထမ်းများ၏ လိုက်နာရမည့်စည်းမျဥ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းအစီအစဥ်များကို လစဥ်လတိုင်း ကျင်းပလျက်ရှိကြောင်းသိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)