သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့် စုဖွဲ့ပြင်ဆင်ထားရှိ
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးစုဖွဲ့မှုကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း လက်တွေ့သရုပ်ပြခြင်းအခမ်းအနား ကျင်းပ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြသခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့အတွင်းရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းဆိုင်များတွင် ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့၌ ‎ရေများပြန်လည်ကျဆင်း
Jul 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဇူလိုင် ၂၁ ရက် ညပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ ဇူလိုင် ၂၃ ရက် ညနေ ၆  နာရီခွဲခန့်မှစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ ညပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးသစ်စိုက်ပျိုး
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ကံကြီးအုပ်စု၊ မျက်သီးကျင်းကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးသစ်ကို တောင်သူ ဦးမျိုးအောင်နှင့် တောင်သူဦးအောင်ဌေးတို့၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ  စုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီလှူဒါန်းပွဲ ကျင်းပ 
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီလှူဒါန်းပွဲကို စိတ္တပါလဂူကျောင်းစာသင်တိုက် သာသနာ့ဗိမာန်တော်၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID)Unique Identity ကတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
Jul 25,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းမှကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စရေန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (UID) UniqueIdentity ကတ်များအား မြို့နယ်စီးပွားရေးဘဏ်(ခွဲ)တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ သည်။