မြဝတီ သြဂုတ် ၁၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ် မြဝတီမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲက ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူးနှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့က ဂုဏ်ပြုချီးမြှင့်စကားပြောကြားခဲ့ကြပြီး ကျောင်းအကျိုးတော်ဆောင် ဦးမျိုးအောင်က မုဒိတာစကား ပြောကြားသည်။
ဆက်လက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုရ (Grade-9-10-12)တို့ မှ ကျောင်းသား၊ ကျောင်းသူ(၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်များဖြင့် ထူးချွန်စွာအောင်မြင်သည့် နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့နှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ ၂၉ ဦးတို့ကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး လူရည်ချွန်(Grade-9)ကျောင်းသူ မဆောင်းနှင်းရွှေစင်က သင်ကြားပြသပေးခဲ့ကြသော မိဘဆရာများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)