ရွှေတောင် သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်အားကစားခန်းမတွင် ၂၀၂၅ ခုနှစ်၊ အသက်(၂၅)နှစ် အောက်(၂၈)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံအမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် တစ်ဦးချင်း(တစ်ကိုယ်တော်ပြိုင်ပွဲ)၊ (၃)ယောက်တွဲပြိုင်ပွဲ၊ (၉)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးစခန်းသွင်းလေ့ကျင့်နေမှုများကို ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြပြီး အချိုရည်နှင့်ရေသန့်ဘူးများပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား(၁၇)ဦးတို့ဖြင့် ပဲခူးမြို့တွင် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)