ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း(လွန်) သူကောင်းဖြစ် စာသင်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ထန်းတပင် သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်း(လွန်) သူကောင်းဖြစ် စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသန်းထွန်းအောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်တင်အိအိဝင်းမှ ကျောင်းသား၊ ကျောင်းသူများအား အိုးကလေးနှစ်လုံးပုံပြင်ကိုပြောပြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုခဲ့ကြသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကိုပြသရာ ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)