သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ချောင်းကမ်းဘေးအနီးရှိ ကျေးရွာများအား ရေဝင်ရောက်မှုများကို ကြည့်ရှုစစ်ဆေး
Aug 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်တို့ ရေများမြင့်တက်လာပြီး ချောင်းကမ်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါချောင်းကမ်းဘေးရှိ ကျေးရွာများသို့ သွားရောက်၍ ရေဝင်ရောက်လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ပြည်သူများအား အချိန်မီရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ငပုတောမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅ ) ပြုလုပ်
Aug 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ပြုလုပ်ခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 27,2025
ကရင်ပြည်နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) ၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ရေကျော်
Aug 27,2025
ဇေယျာသီရိမြို့နယ်၌ ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံ၌ ကားလမ်းမကြီးပေါ် ရေကျော်လျက်ရှိကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်၌ အိုင်အိုဒင်းချို့တဲ့မှုရောဂါပပျောက်ရေး အာဟာရရက်သတ္တပတ်လုပ်ငန်းများ ဆောင်ရွက်
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်မှ အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းဆားရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
တမူးမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများဆက်လက် ပေးအပ်
Aug 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဗောဓိတောရကျောင်းတိုက် ဓမ္မာရုံ၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။