သတင်းများ

မြန်အောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းဆောင်ရွက်
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ ပရဟိတမြို့ရွှေကျောင်းတိုက်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဗီဒီယိုကလစ် ပြသခြင်းကို ယနေ့နေ့လယ်က ကျင်းပပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မိုးနဲမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာအုပ်စု အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း(ဟွေတုံလုံ)၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေရှီးမြို့တွင် မြို့နယ်ပညာရေးမှူးဖလားကျောင်းအဆင့် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 12,2025
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီအားကစားကွင်း၌ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ကာလေကျေးရွာနှင့် ဖာငတ်ကျေးရွာတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေး၍ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့် ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခိုအွတ်ကျေးရွာအုပ်စုရှိ ကာလေကျေးရွာနှင့် ဖာငတ်ကျေးရွာတို့တွင် အသီးသီးပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Sep 12,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ ကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂ဝ၂၅ တက်ရောက်ခဲ့သည့် နေပြည်တော် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲအတွေ့အကြုံများအား ပြန်လည်ဝေမျှခြင်း စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက Naypyitaw State Polytechnic University (NSPU)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးနှင့် အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
တာလေမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲ ပြုလုပ်
Sep 12,2025
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ် ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
မိုင်းဆတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ကျဒယ်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်လူငယ်ရေးရာကော်မတီကကြီးမှူး၍  ယနေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ကျဒယ်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။