သတင်းများ

အ.လ.က ခြဲ (၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ.လ.က ခြဲ(၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် (၁၀)နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(၄)ရပ်ကွက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရပ်စောက်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နောင်ခမ်း၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Sep 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသရှိ ရပ်ကွက်၊ လူနေအိမ်များ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါနယ်မြေ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ(၁၅၀ပေ× ၁၁၀ပေ)အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပခဲ့ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့ကြသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းလက်တွေ့စမ်းသပ်
Sep 12,2025
မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်နှင့်‌ ငွေတော်ကျီကုန်း ရပ်ကွက်၌ ယနေ့ နံနက်၉နာရီမှ ၁၂နာရီအထိ ဝေဇယန္တာဓမ္မာရုံနှင့် သဟပုညကာရီ ငွေတော်ဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်သည်။
ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကျင်းပ
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အ.ထ.က(၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိင်ပွဲ  ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်း၌ ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲ ကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။