ကရသူရိ စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကလေးသူငယ်အလုပ်သမားသည်တရားမဝင်ပါ၊ ကလေးအလုပ်သမားဆိုသည်မှာ၊ အဓမ္မခိုင်းစေခံနေရသည့် ကလေးများအကြောင်း၊ အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းအကြောင်း၊ ပါဝင်ပတ်သက်သူများ၏ တုံပြန်ချက်များ၊ ကလေးငယ်များအားကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်ဆောင်ရွက်ပေးတို့ကိုဟောပြောပြီး ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်များ ပြသခဲ့သည်။
အဆိုပါ ဟောပြောပွဲဆောင်ရွက်ခြင်းသည် ကျောင်းသား/ကျောင်းသူများအား မိမိပတ်ဝန်းကျင်၊ မိမိနေထိုင်ရာဒေသများ၌ သွေးဆောင်ဖြားယောင်မှုမခံရစေရေးနှင့် အဓမ္မခိုင်းစေခံရမှုကင်းဝေးရေး ပညာပေးဟောပြောခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)