သတင်းများ

တာမွေမြို့နယ်ရှိ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်း မိသားစုများ၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း မိသားစုများ၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ကျောင်းစုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲဆောင်ရွက်
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အေးရွာဘလုပ်ညွန့်စက်ကလေးရပ်ကွက်၊ သာသနာ့ရောင်ခြည်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ကော့မှူးမြို့နယ် နတ်ရေတွင်းကျေးရွာ၌ အဆင့်မြင့်စက်ချုပ်နှင့် မော်တာနင်းသင်တန်းဖွင့်လှစ်
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး၍ အဆင့်မြင့်စက်ချုပ်နှင့် မော်တာနင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ နတ်ရေတွင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်ပညာရေးမှူးဖလား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလား အသက်(၁၈)နှစ်အောက် ပိုက်ကျော်ခြင်းဗိုလ်လုပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက် နံနက်(၉)နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက ထားဝယ်မြို့ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပသည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပန်းကြယ်သီးထိုးသင်တန်းဖွင့်လှစ်
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ဖွင့်လှစ်သော ပန်းကြယ်သီးထိုးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ခရီးသွားလုပ်ငန်းများတွင်ပါရှိသည့် ခရီးစဉ်များကို အသစ်ပြန်လည်ရေးဆွဲရန်၊  ဟိုတယ်လုပ်ငန်းများတွင် ပြန်လည်ပြုပြင်ရမည့်လိုအပ်ချက်များပြင်ဆင်ရေးဆွဲရန်၊ ဝန်ထမ်းအင်အား ပြည့်မီအောင်ခန့်ထားရန်၊ ကျွမ်းကျင်ဝန်ထမ်းများခန့်ထားရန် လိုအပ်ကြောင်း မှာကြားသည်။
အလုံမြို့နယ်၌ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များသို့ကွင်းဆင်း၍ အသိပညာပေးခြင်းဆောင်ရွက်
Sep 11,2025
အလုံမြို့နယ်၌ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များသို့ကွင်းဆင်း၍ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။