သတင်းများ

မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းဆောင်ရွက်
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းကို ယနေ့နံနက်ပိုင်းက မအူပင်မြို့ပေါ်ရှိ မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် ကမ်းနားလမ်းရှိ အခြေခံစားသောက်ကုန်အရောင်း ဆိုင်ကြီးများမှ ရောင်းချနေသည့် ဈေးနှုန်းများအား ကွင်းဆင်း‌မေးမြန်စုံစမ်းခြင်းများ ဆောင်ရွက်သည်။
ပခုက္ကူမြို့၊ မဟာဝိဇယာရာမ(အရှေ့)တိုက်၌ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ စုပေါင်းဆွမ်းကပ်အလှူတော်ပွဲ ပြုလုပ်
Sep 11,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမ(အရှေ့)တိုက်၌ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ စုပေါင်းဆွမ်းကပ်အလှူတော်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT) အာဟာရအသိပညာပေးဆင့်ပွား သင်တန်းကျင်းပ
Sep 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT)အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စက်တင်ဘာ ၉ ရက်နေ့ နံနက် (၁၀) အချိန်က စာရေးသူ ဒေါက်တာတင်ထွန်းဦး ရေးသားထားသည့် “ဖိစီးမှုကင်းသောကရှင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပ
Sep 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မင်းစုအခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ (၁၁) ရက်၊ မွန်းလွဲ (၁) နာရီခွဲက အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ(၁)နာရီက အ.မ.က(မူလွန်)ဖရဲအ‌ရှေ့ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်း ဆောင်ရွက်
Sep 11,2025
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။