သတင်းများ

ကလေးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်စည်း (Mask) များကို အမှတ် (၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယနေ့နံနက် ၈ နာရီအချိန်က သာစည်ကျေးရွာ၊ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။
နမ္မတူမြို့နယ် (IDP) စခန်း(၃)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်
Sep 01,2020
နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ စက်တင်ဘာလ (၁)ရက်နေ့ နေ့လည် (၁၁)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊ လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်း တို့၌ ဆောက်ရွက်ခဲ့သည်။
နမ့်စန်မြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 01,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေငြာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင် ထံမှ သိရသည်။
ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာတွင် မူးယစ်ဆေးဖြတ် မက်သာဒုန်း တိုက်ကျွေးရေး ဌာနခွဲ ဖွင့်လှစ်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာတွင် မူးယစ်ဆေးဖြတ် မက်သာဒုန်း တိုက်ကျွေးရေးဌာနခွဲကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ကြောင်း သိရသည်။
နောင်ချိုမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်
Sep 01,2020
ကျောက်မဲခရိုင်၊နောင်ချိုမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဖြစ်သော အသက်(၂)လမှ (၁၈)လထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ရ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို
လယ်ဝေးမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကြေညာ
Sep 01,2020
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ်အတွင်း ပါဝင်အရွေးချယ်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို ယမန်နေ့က စတင်၍ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ရုံး၌ ကြေညာထားရှိသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show ) ကျင်းပ
Sep 01,2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျ ရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆိုင်ရာဆွေးနွေးပွဲ (Talk Show )ကို ယနေ့နံနက် ၁၁ နာရီကမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။