ဟုမ္မလင်း စတင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာတွင် မူးယစ်ဆေးဖြတ် မက်သာဒုန်း တိုက်ကျွေးရေး ဌာနခွဲကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ မြင်သာကျေးရွာသို့ သြဂုတ်(၂၉)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ကျေးရွာများ တွေ့ဆုံကာ လိုအပ်သည့်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။ မက်သာဒုန်းဆေးရည်တိုက်ကျွေးမှုကို ယနေ့မှစ၍ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။
၎င်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်တွင် မက်သာဒုန်းသောက်သုံးသူ (၇၀) ဝန်းကျင်ခန့်ရှိပြီး ဟုမ္မလင်းမြို့ပေါ်နှင့် ရေမိုင် (၁၃) မိုင် ကွာဝေးကြောင်း၊ အလားတူ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကျေးရွာတွင်လည်း မက်သာဒုန်း တိုက်ကျွေးရေးဌာနခွဲ ထပ်မံဖွင့်လှစ်သွားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)