ကလေးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ကလေး စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်စည်း (Mask) များကို အမှတ် (၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယနေ့နံနက် ၈ နာရီအချိန်က သာစည်ကျေးရွာ၊ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား  အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ထိုသိုဆောင်ရွက်ရာတွင်  ဒုရဲမှူး ဇော်မြင့်သူ ဦးဆောင်ပြီးနှင့်  အမှတ်(၁၀၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲများက  ပြည်သူများအနေဖြင့် မော်တော်ကားများ မောင်းနှင့်ရာတွင် သတ်မှတ် မြန်နှုန်းထက် ပိုမမောင်းစေရန်၊ ဆိုက်ကယ်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ် ဆောင်း ရန်၊ ရှေ့မီး အနိမ့်ကိုဖွင့်ပေးရန်နှင့် ယာဉ်တိုက်မှုဖြစ်ပွားလျှင် ဆောင်ရွက်ရမည့် အချက် များ၊ ၂၀၂၀ ခုနှစ်တွင် ပြဌာန်းထားသည့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအကြောင်း တို့ကို ရှင်းလင်းမှာကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) ကို ဖြန့်ဝေခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်အတွင်း ကလေးမြို့နယ်တွင် ယာဉ်မတော်တဆမှု (၈၁)ကြိမ် ဖြစ်ပွားရာ ဒဏ်ရာရရှိသူ (၁၀၂) ဦးရှိကာ သေဆုံးသူ (၃၀)ဦး ရှိပြီဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ကလေးမြို့အတွင်း ယာဉ်မတော်တဆမှု ကြောင့် (၅၅) ဦး သေဆုံးသွားပြီဖြစ်ကြောင်း အမှတ် (၁၀၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု မှသိရသည်။

ထန်းဖုန် (ပြန်/ဆက်)