မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအားထောက်ပံ့ငွေပေးအပ်

ကျိုက်မရော      ဩဂုတ်   ၂၈

ကျိုက်မရောမြို့နယ်အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ သွင်းအားစု မျိုးကောင်းမျိုးသန့်များ လိုအပ်သည့်အချိန်တွင် ရယူ သုံးစွဲနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းအောင်သန်းက အမှာစကားပြော ကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးလှတင်မောင်က တောင်သူများအား ထောက်ပံ့ငွေပေး အပ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၉)အုပ်စုတွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများ အား တစ်ဧကလျှင် မျိုးစေ့ဖိုး (၁၀၅၀၀)ကျပ်နှင့် စိုက်ပျိုးစရိတ် (၇၅၀၀၀)ကျပ် စုစုပေါင်း (၈၅၅၀၀)ကျပ်နှုန်းဖြင့် မိုးစပါး မျိုးစေ့ထုတ် ဧက(၉၀)စိုက်ပျိုးသည့် တောင်သူ(၃၆)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ချိုချို(ပြန်/ဆက်)