ဒိုက်ဦးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

ဒိုက်ဦး စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ  ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ဒိုက်ဦးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်စာရင်းများကို မြို့နယ်ကော်မရှင်ရုံးနှင့် ဒိုက်ဦး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စုအုပ်ချုပ်ရေးမှူး ရုံးများတွင် ကပ်ထားကြေညာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဒိုက်ဦး မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်း မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာတွင် (၃)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာတွင်(၄)ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)တွင် (၅)ဦး၊ တိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ်(၂)တွင်  (၄)ဦး၊ တိုင်းရင်း သားလူမျိုးများကိုယ်စားလှယ်စာရင်းတွင်(၈)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၂၅) ဦး စာရင်းအား ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

ကျော်ကျော်( ဒိုက်ဦး)