ခမောက်ကြီးမြို့၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ခမောက်ကြီး   စက်တင်ဘာ   ၁၀    

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌  နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို စက်တင်ဘာ  ၁၀ ရက်နေ့နံနက် ၉ နာရီခန့်က အ.လ.က ယုဇန ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းပြိုင်ပွဲကို  အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ဆောင်ရွက်ခြင်းဖြစ်ပြီးပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာခေါင်းစဥ်များဖြင့် ပုံပြော၊ ကဗျာရွတ်များ အသီးသီးပါဝင် ယှဥ်ပြိုင်ခဲ့ကြပြီး အ.လ.က ယုဇန ကျောင်းအုပ်ဆရာမကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် အလယ်တန်းပြဆရာမ တစ်ဦးကအကဲဖြတ် အမှတ်ပေးခဲ့ကြသည်။ ထို့နောက်အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့်မူလတန်းအဆင့် ပုံပြော၊ ကဗျာရွတ် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီး  (ပြန်/ဆက်)