မြိတ်မြို့တွင်မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး 

မြိတ်   စက်တင်ဘာ   ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား  မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် ပြုလုပ်သည်။

အသိပညာပေးရာတွင် မြိတ်ခရိုင်ရွေးကောက်ပွဲကျော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက အမှာစကားပြောကြားပြီး မြိတ်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ချိုချိုရီက  မြန်မာအီလက်ထရောနစ်မဲပေးစက် အကြောင်းသိကောင်းစရာများနှင့် မဲပေးစက်ဆိုင်ရာ မဲပေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို  ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွားက ရှင်းလင်းပြောကြားပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးခြင်း လုပ်ငန်းစဉ်များအတိုင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ ဌာနဆိုင်ရာများ၊ မဲဆန္ဒရှင်ပြည်သူများကို  လက်တွေ့ သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ခိုင်ထူး ( ပြန်/ဆက် )