(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

ပခုက္ကူ စက်တင်ဘာ 

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဓာတ်ခွဲဌာနနှင့်သွေးလှူဘဏ်၌ ခရိုင်အခြေပြုရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းကြသည်။

ပထမဦးစွာ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးကြရာ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးသန်းဝင်း ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ရဲထွန်းမြတ်နှင့်တပ်ဖွဲ့ဝင်များ၊၊ အမှတ်(၁၀၆)သတင်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးခင်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲအုပ်ဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၁၆) ရထားရဲတပ်ခွဲ (ပခုက္ကူ)မှ ဒုတိယရဲအုပ်ဝင်းညွှန့်နှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာန(ပခုက္ကူ)မှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ယဉ်မင်းအေးနှင့်ဝန်ထမ်းများ စုစုပေါင်း၄၅ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြ သည်။

ထိုသို့စုပေါင်းသွေးလှူဒါန်းမှုအား ပခုက္ကူမြို့၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်ဇော်မင်းထက်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးသန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် ကော်မတီဝင်များ လှည့်လည်ကြည့်ရှုအားပေးစကားပြောကြပြီး သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာ ကြက်ဥများ၊ Royal-D အချိုရည်များ၊ ငှက်ပျောသီးနှင့် အားဆေးများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)